လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အောင်ငြိမ်းချမ်းရောင်း၀ယ်ရေး သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ၌ အမှတ်(၄၂)အခြေခံပညာမူလတန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အောင်ငြိမ်းချမ်းရောင်း၀ယ်ရေး သမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အစည်းအဝေးတွင် အသင်းလီမီတက်ဥက္ကဋ္ဌ ဦးမြသောင်းက အမှာစကားပြောကြားပြီး အစုပေါ်အမြတ်ငွေများကို အသင်းသားများအား ထုတ်ပေးလျက်ရှိသည်။
ဆက်လက်၍ ရွှေလင်ပန်းအသေးစားချေးငွေလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းဥက္ကဋ္ဌဦးတင့်ဆန်းက အမှာစကားရှင်းလင်းပြောကြားပြီး အသင်းသားများအား အစု၊ စုဆောင်းပေါ်အမြတ်ငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)