အင်းစိန် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခရိုင်အဆင့်မြန်မာ့အက အခြေခံကဗျာလွတ်(ပထမဆင့်)ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(စက်၊ စိုက်၊ မွေး)တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး အင်းစိန်ခရိုင်၊ ခရိုင်ပညာရေးမှူးဒေါက်တာသင်းမာလာက ပြိုင်ပွဲနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အင်းစိန်ခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုယ်စားပြုအသင်းများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ရွေးချယ်ရာတွင် အင်းစိန်မြို့နယ်ကိုယ်စားပြုအသင်းမှ ပထမ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုယ်စားပြုအသင်းမှ ဒုတိယနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုယ်စားပြုအသင်းမှ တတိယအဖြစ် ရွေးချယ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ အင်းစိန်ခရိုင်၊ ခရိုင်ပညာရေးမှူးဒေါက်တာသင်းမာလာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာထွန်း၊ အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အင်းစိန်ခရိုင်အတွင်းရှိ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)