ရွှေပြည်သာ ဇူလိုင် ၂၃
မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းညွန့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မွန်းလွဲပိုင်းက ရွှေပြည်သာမြို့နယ်အမှတ်(၉)ရပ်ကွက်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့်အတူ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးနှင့်အဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်ရပ်ကွက်/ကျေးရွာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကြိုတင်ကာကွယ်ရေးအတွက် Bleaching Powder ခတ်ခြင်း၊ အသိပညာပေးဆောင်ရွက်ခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့်တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)