ဇေယျာသီရိမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံ သံဂဟေဆက်နည်းသင်တန်းဆင်းပွဲ ကျင်းပ

ဇေယျာသီရိ ဇူလိုင် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အခြေခံသံဂဟေဆက်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်းမှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ဝရိန် Position အလိုက် ဂဟေဆက်နည်းများ၊  Joint ဆက်နည်းများ၊ တေ့ဆက်၊ တီပုံအဆက်၊ ထပ်ဆက်၊ ထောင့်ဆက်၊ အနားစောင်းအဆက် နည်းပညာများကို ဇူလိုင်လ ၄ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)