ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများသင်ကြားပေးခြင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ထူးခြားသည့်ဝိသေသများ၊  အားကစားနှင့် ကာယပညာသိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဉီးတွင် ပြည့်စုံရမည့်အချက်အလက်များအကြောင်းတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်