ပုသိမ် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများအား တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ မင်းကုန်းအုပ်စု၊ မောင်ဘိဝကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဥ်ခင်း) နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀၀၀ဝိ/-)၊ (၁၈)နှစ်အထက် ကျား (၁)ဦး၊ မ (၂)ဦး၊ (၁၈)နှစ်အောက် ကျား (၁)ဦး၊ ဘေးသင့်လူဦးရေစုစုပေါင်း (၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀ဝိ/-)တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံးပါ (၁)ပုံး၊ (၁၀၇၆၇၈/-)တို့အား ဘေးသင့်ပြည်သူများလက်၀ယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်