အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2024
ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ခရစ္စမတ်ကာလဖြစ်သည့် ယမန်နေ့က အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ စည်ကားများပြားကြောင်း သိရသည်။
Dec 26,2024
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် အောင်နိုင်ဆုများဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျောင်းကျန်းမာရေးကော်မတီဝင်များ အသိပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။
Dec 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာ အုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
Dec 26,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သား မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊နတ်မုခ်(၄)ခု၊ နတ်လှေကား (၄)စင်း၊ ခြင်္သေ့ကြီး(၄)စီးတို့အား ရွှေသင်္ကန်းဆက်လက်ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Dec 26,2024
စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်သီးနှံများ ရရှိစေရန်အတွက် သဘာဝအားဆေးနှင့် ပိုးပြေးဆေးပြုပ်လုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ တောင်သူဦးမျိုးထွန်း၏ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်း၌ ကျင်းပသည်။
Dec 26,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်အဆင့်‌ အသက်(၁၈)နှစ်အောက်‌ ကျောင်းသားအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်‌နေ့တွင် စတင်ကျင်းခဲ့ရာ ယနေ့တွင် မြို့နယ်အားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။