ချောက် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် ကျောင်းသားအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် စတင်ကျင်းခဲ့ရာ ယနေ့တွင် မြို့နယ်အားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် အသက် (၁၈)နှစ်အောက် ကျောင်းသားအားကစားပြိုင်တွင် ချောက်မြို့နယ်အတွင်းရှိ မြို့ပေါ်၊ ကျေးရွာအခြေခံပညာကျောင်းများမှ အသက် (၁၈)နှစ်အောက် ကျောင်းသား/သူ (၁၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများပါဝင်ပြီး ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများကို မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)