သာပေါင်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျောင်းကျန်းမာရေးကော်မတီဝင်များ အသိပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမီမီခိုင်မှ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေ ကုသမည့်အစီစဉ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်/ကျောင်းကျန်းမာရေး အာဟာရ)က ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ KG ကျောင်းပေါင်း(၂၃၈)မှ ကျောင်းသား၊ ကျောင်းသူ(၂၇၂၅)ဦးတို့ကို အာဟာရ(၃)ကြိမ် ကျွေးမွေးခြင်းဆိုင်ရာလုပ်ငန်းများ အသိပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်