အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၂၈၁၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းမှာ တစ်ဧက ၉၀ ဒသမ ၈၉ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
Dec 25,2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ မီးဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေရောဂါကုဆေးရုံကြီးတို့မှ ဦးစီး၍ သူနာပြုသင်တန်းကျောင်းတွင် သူနာပြုကျောင်းသား/ သူများအား သစ်လွင်သူနာပြုခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့လည် (၂) နာရီအချိန်က ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါကျောင်း အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 25,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ ခရစ္စမတ်နေ့တွင် ဘားအံမြို့၊ ရဲသာရွာသစ်ရှိ မိတ်သဟာရအသင်းတော်၌ ခရစ္စတော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။
Dec 25,2024
Bakery အမျိုးမျိုးထုပ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပခဲ့သည်။
Dec 25,2024
အင်္ဂပူမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၇/၂၀၂၄)နှင့် ဆံပင်အုပ်(ဘိုးကလစ်) ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။