ဝါးခယ်မ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ထွန်းမေတ္တာဖူဆယ်ဘောလုံးကွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့(ဖလား) အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် စစ်ကြောင်းမှူးမှ အားကစားအသင်းများအား ကွင်းအတွင်းနေရာယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အား အလေးပြုခြင်း၊ အားကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမြင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးညွှန့်က အမှာစကားပြောကြားပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၂) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကနစိုးကုန်း(Fc)အသင်းနှင့် လှေကျင်း (Fc)အသင်း၊ ရဲတပ်ဖွဲ့ဝင်(Fc)အသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်(Fc) အသင်းတို့ ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)