Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၅) နှင့်(၆) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Dec 25,2024
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ် (၅)နှင့် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ ရာဂီမုန်တိုင်းအလွန် စိုက်ပျ…
Dec 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဆီထွက်သီးနှံစိုက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးကျော်သူရှိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးမင်းထွန်းတို့က မိုးသီးနှံရိတ်သိမ်းမှု၊ ဆောင်းသီးနှံစိုက်ပျိုးမှုနှင့်နှုန်းဖုံး၊ သစ်တိုသစ်စဖုံး လယ်ယာမြေများပေါ်တွင် သီးနှံစိုက်ပျိုးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးမှူး ဦးမြင့်ဇော်က ဆင်သေဆည် လက်ဝဲ/ လက်ယာမြောင်းမများမှ စိုက်ပျိုးရေပေးဝေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမျိုးနိုင်ဦးက ရာဂီမုန်တိုင်းအရှိန်ကြောင့် လယ်ယာမြေများပေါ်တွင် ရောက်ရှိလာသည့် နှုန်း၊ သစ်တိုသစ်စနှင့် အမှိုက်ဒိုက်များ ဖယ်ရှားဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီရိရတနာမူလတန်းကြိုကျောင်း၌ သားငယ်၊ သမီးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၏ ကာယစွမ်းအားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပရာ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့် တာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ…
Dec 25,2024
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်နေ့က မက်မန်းမြို့နယ်၊ မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးလျက်ရှိ
Dec 24,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီခွဲကစ၍ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့၌ စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး
Dec 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ပံတန်းမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ စေတီပုထိုးများ ထိန်းသိမ်းရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Dec 24,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း (စီမံ/ဘဏ္ဍာ) ဦးဆောင်၍ ယနေ့နံနက် ၇ နာရီက အိမ်တော်မီးပွိုင့်လမ်းဆုံမှတစ်ကာ မြင်းကပါကျေးရွာ ရှင်ရဲတစ် ထောင်ဘုရားစုကြားအထိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4106
Page
4107
Page
4108
Page
4109
Current page
4110
Page
4111
Page
4112
Page
4113
Page
4114
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department