အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မြို့မြေတိုင်းတာမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ဆောင်ရွက်ခြင်းကို ယနေနံနက်(၉)နာရီအချိန်က  ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၈ ရက်နေ့က အ.မ.က(ဘန့်ပြင်)နှင့် အ.မ.က(တောင်ရွာ)ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 10,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ သိမ်ဆိပ်အခြေခံပညာကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေ ဖော်ထုတ်ခြင်းကို ယမန်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jan 10,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံခရိုင်များမှ ရွှေလုပ်ငန်းရှင်များအား ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပူးပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းရှင်များအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါ ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 10,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)၏ အပတ်စဉ်(၂၆) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း(အဋ္ဌမအကြိမ်)  သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာသင်ကြားရေးအဖွဲ့ဝင်များ၊ သင်တန်းဆင်းမောင်မယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်သည်။