Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငွေဆောင်မြို့၌ ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်
Jan 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ငွေဆောင်မြို့၊ ဘူးကွဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲ)ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ကုန်းကျောင်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုအား စစ်ဆေး
Jan 10,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစိးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၁၇ ဒသမ ၄၆၆ သန်းဖြင့် ကုန်းကျောင်းကျေးရွာ ကုန်ထုတ်လမ်းအရှည်နှစ်မိုင်၊ အကျယ် ၃၂ ပေနှင့် လမ်းဘေး(ဝဲ/ယာ)ရေမြောင်းအနက်နှစ်ပေ၊ အကျယ်နှစ်ပေ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယ၊ဉာဏထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယ၊ ဉာဏ၊ ထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ၊ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jan 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့ အခြေခံပညာကျောင်းအသီးသီးတို့တွင် ပညာရေးစုံညီပွဲတော်များကျင်းပ
Jan 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်းကောင်း၊ နံနက် (၁၀) နာရီအချိန်တွင် အ.ထ.က(ခွဲ) လ(၁)ကျောင်းတို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် သာကေတမြို့နယ်အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနား…
Jan 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း(၁၀)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစိန်ညီလာခန်းမ၌ကျင်းပရာ အမှတ်(၂)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်သက်ဇေအောင်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Jan 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်သူနည်းပညာ နှီးနှောဖလှယ်ပွဲအခမ်းအနား တက်ရောက်
Jan 10,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော တောင်သူနည်းပညာ နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ တောင်သူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4004
Page
4005
Page
4006
Page
4007
Current page
4008
Page
4009
Page
4010
Page
4011
Page
4012
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department