Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေစင်ရွှေပြားများအား ပန်းရထားဖြင့် စတင်ကပ်လှူပူဇော်ခြင်း အခမ်း…
Jan 10,2025
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းရွှေစင်ရွှေပြားများအား ပန်းရထားဖြင့် စတင်ကပ်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီ ၂၁ မိနစ်တွင် အဆိုပါစေတီတော်ကြီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ခရိုင်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကျင်းပ
Jan 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေ ဗဟုသုတများနှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ဇန်နဝါရီလ ၈ ရက်မှစတင်၍ ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်အတွင်း၌ ဆန်ရိက္ခာဖူလုံစေရေးအတွက် နွေစပါးစုစုပေါင်း (၁၉၁၇၃)ဧကစိုက်ပျိုးရန်လျာထား
Jan 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စု၊ ကွင်းပေါင်း ၈၆ ကွင်းတို့၌ နွေစပါးစိုက်ပျိုးရန်အတွက် စုစုပေါင်း(၁၉၁၇၃)ဧက စိုက်ပျိုးသွားရန်လျာထားချက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ နွေစပါးစိုက်ပျိုးကြရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရေမြေသဘာဝနှင့် မျိုးကွဲအလိုက် ဆင်းသုခမျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၄၃၅၈ ဧကကို တောင်သူများမှ စိုက်ပျိုးစီးထားပြီးဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့၊ အ.မ.က(လွန်) ရွှေဖား(၂၃) မိုင် စာသင်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ အ.မ.က(လွန်) ရွှေဖား(၂၃)မိုင် စာသင်ကျောင်း၌ ယနေ့နံနက်(၁၀)နာရီက ကျောင်းပညာစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါလုပ်ငန်းရှင်များထံ အဆင်ပြေစွာရောင်းချပေးနိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ စာကြည့်တိုက် ဆောက်လုပ်ရန် မြေသန့်ပရိတ်ရွတ်ခြင်းနှင့် ပန္နက်ရိုက်ခြင်းဆောင်ရွက်
Jan 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက စာကြည့်တိုက်ဆောက်လုပ်ရန် မြေသန့်ပရိတ်ရွတ်ခြင်းနှင့် ပန္နက်ရိုက်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် အ-လ-က(ဘုရားငါးဆူ)၌ အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း(ဘုရားငါးဆူ)တွင် ကျောင်းသား၊ ကျောင်းသူများအား အသိညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် အ-လ-ကခွဲ(မှတ်တိုင်လမ်း)၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(မှတ်တိုင်လမ်း)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4003
Page
4004
Page
4005
Page
4006
Current page
4007
Page
4008
Page
4009
Page
4010
Page
4011
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department