မိုင်းယောင်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများနှင့် တွေ့ဆုံပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေ၊ မြို့နယ်အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ မှတ်ပုံတင်ရေးအဖွဲ့၊ မြို့နယ်အတွင်း အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ စုစုပေါင်းအင်အား ၁၅ ဦးဖြင့် ဆောင်ရွက်ခဲ့သည်။
ယင်းနောက် နံနက် ၁၀ နာရီတွင် အ.ထ.က(မိုင်းယောင်း)၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ အာဟာရပြည့်ဝစေရေးလှုပ်ရှားမှုအား စုစုပေါင်းအင်အား ၁၀ ဦးဖြင့်လည်းကောင်း၊ နေ့လယ် ၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်အတွင်း နေအိမ်လိုင်းခန်းငှားရမ်းသူများနှင့် တွေ့ဆုံပွဲအား စုစုပေါင်းအင်အား ခုနစ်ဦးဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ည ၈ နာရီတွင် ဝမ်ဘိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)