Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရေပေါ်ကျွန်းကျေးရွာတွင် ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျေးရွာသူ၊ ကျေးရွားသားများနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၊ မိုက်ကန်းကျေးရွာ အ.မ.ကကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မိုင်းပုတ်ကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆ…
Jan 10,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သရက်သမိန်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် လယ်သာကျေးရွာတို့တွင် စာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် တည်…
Jan 10,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန် ဖြုတ်ကုန်းကျေးရွာကျောင်းသို့ သွားရောက်၍ ခိုင်ခိုင်မြဲ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀) ပေ(၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုနှင့် အခြေခံပညာမူလတန်းလွန် သုခဒီပကျောင်းသို့ ဟိန်းတောက်ကြယ် ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀)ပေ (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် အမှိုက်စွန့်ပစ်မှုကင်းဝေးစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Jan 10,2025
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူး(စကု)မြို့နယ် ထောက်ရှာပင်ကျေးရွာ (MOGE) ဆိပ်ကမ်း၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်းများ ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုအသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၌ အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ဇာတ်ကြီး) မှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေ
Jan 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီအချိန်က စတင်၍ မြို့နယ်အားကစားခန်းမအတွင်း ကပြဖျော်ဖြေရာပွဲ ခင်းစျေးဆိုင်ခန်းများ၊ ပွဲလာဧည့်ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုနှင့်ပတ်သက်၍ ကွင်းဆင်းစာရင်းကောက်ယူမှုကြီးကြပ်ရေ…
Jan 10,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ ကွင်းဆင်းစာရင်းကောက်ယူမှုကြီးကြပ်ရေးအဖွဲ့များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Jan 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (၂)ရပ်ကွက်နှင့် ရွှေပေါက္ကံရပ်ကွက်များ၌ မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားရာနေရာသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီသတ်စခန်းမှူး ဦစီးအရာရှိ ဦးဇော်ရန်အောင်ဦးဆောင်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ်များ၊ ရေသယ်ယာဥ်များဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4008
Page
4009
Page
4010
Page
4011
Current page
4012
Page
4013
Page
4014
Page
4015
Page
4016
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department