Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အတွင်း ဌာနဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေး
Jan 09,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဘက်စုံထူးချွန်ထက်မြက်သော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာနိုင်ရေးအတွက် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ချင်းပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 09,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ချင်းပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ပညာရေးမှူးရုံး၊ တောင်ဇလပ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jan 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ချောင်းသာမြို့တိုက်နယ် ကျန်းမာရေးဌာနတွင် ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ
Jan 09,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန် ရည်ရွယ်ကာ မြို့မစည်ပင်သာယာဈေးကြီးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့်စည်ပင်အမှုဆောင် အရာရှိ ဦးကျော်ခိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မီးသတ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဈေးသူ၊ ဈေးသားများ စုစုပေါင်းအင်အား (၁၅၀) ဦးတို့ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်ကရိုကျေးရွာ အလယ်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 09,2025
ကျိုက်မရောမြို့နယ်၊ မယ်ကရိုကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)၏ ၂၀၂၅ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ အလယ်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့၏ အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ
Jan 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ လူမှုကူညီရေးလုပ်ငန်းများဖြစ်သော ကိုဗစ် (၁၉) ရောဂါကာကွယ်ရေး၊ ရေဘေးကူညီရေးနှင့် လူနာတင်ယာဥ် ကူညီမှုလိုအပ်လျက်ရှိသောလူနာများအား (၂၄) နာရီ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့၏ရုံးခန်းနှင့် လူနာတင်ယာဥ် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ အဆိုပါအဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပြည်သူများနှင့် မိတ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4010
Page
4011
Page
4012
Page
4013
Current page
4014
Page
4015
Page
4016
Page
4017
Page
4018
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department