အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ကျင်းပခဲ့သည်။
Jan 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်က ဆူးကလပ်‌ကျေးရွာ၊ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၀) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၈ ရက်နေ့မွန်းလွှဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Jan 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၄)ရပ်ကွက် ဘိုးရာဇာစာကြည့်တိုက်သို့ ယမန်နေ့မွန်းလွှဲ ၁၀ နာရီအချိန်က မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။
Jan 10,2025
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် (အလွတ်တန်း)အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ဘုရင့်နောင်အားကစားကွင်း၌ ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် Unique IDထုတ်ပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်(၉)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ မုန်လာဥများ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဒါးပိန်​​မြောက်ကျေးရွာ ကွင်းအမှတ် (၁၀၇၉-A)၊ ဦးပိုင်အမှတ်၊ အမှတ်(၃) လယ်မြေ(၁၀.၃၅)ဧက၊ တောင်သူ ဒေါ်သိင်္ဂီလင်း လယ်မြေပေါ်တွင် ကျင်းပပြုလုပ်သည်။