အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေ ရန်ရည်ရွယ်၍  စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Oct 01,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် လျှပ်စစ်အန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ခိုလမ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့  စတင်ကွင်းဆင်းကောက်ယူသည်။
Oct 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် သဘာ၀ဘေးကြောင့်ပျက်စီးသွားသော ပလိပ်-တံတားဦးလမ်းမိုင်(၄/၅-၄/၆)အတွင်းရှိ တံတားအမှတ်(၁/၅) ပန်းလောင်မြစ်ကူးတံတားအား ဆောက်လုပ်ရေး၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး တံတားအထူးအဖွဲ့(၄)မှ (၁၆၀)ပေအရှည် (T/SR2 Extra Wide C 100 )ဘေလီတံတားတည်ဆောက်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှ ချဉ်းကပ်လမ်းတည်ဆောက်ပြီးဖြစ်ပါသဖြင့် ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
Oct 01,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်း‌ေကာ်မတီနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းကလိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။
Oct 01,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်ဦးဆောင်မှုဖြင့် ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နေစေရန် ဈေးအတွင်း ရောင်းကုန်ပစ္စည်းများထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်စသည့် အခြားထုပ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုစေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်တွင် ဆောင်ရွက်ခဲ့ကြသည်။
Oct 01,2024
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်( ၁၀ ) နာရီက ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။