ရွှေတောင် အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား (၁-၁၀-၂၀၂၄) မှ (၁၅-၁၀-၂၀၂၄) ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုရှိ အိမ်ထောင်စု စာရင်းကောက်ကွက် (၄၂၅) ကွက်တို့တွင် စာရင်းစစ် (၃၄) ဦး၊ စာရင်းကောက် (၁၂၇) ဦး၊ စုစုပေါင်း (၁၆၁) ဦးတို့ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရမည့်အချက် (၆၈)ချက်တို့အား မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်း တာဝန်ကျဌာနဆိုင်ရာအကြီးအကဲများ ဦးဆောင်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)