အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မူလတန်းအဆင့် Grade -5 သင်တန်းနှင့် အလယ်တန်းအဆင့် Grade သင်ကြား သင်ယူမှု ထိရောက်ရေး စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်သည်။
Jan 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အင်းကောင်းကျေးရွာ၊ အလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့‌နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
Jan 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Grade-5/Grade-9 သင်ကြားသင်ယူမှုထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Jan 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပခဲ့သည်။
Jan 11,2025
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 11,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5 နှင့် အလယ်တန်းအဆင့် Grade - 9 သင်ယူမှု အရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ ဒိုက်ဦးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် အခြေခံပညာမူလတန်းအဆင့် Grade - 5 ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် အခြေခံပညာ အလယ်တန်းအဆင့် Grade - 9 ကိုလည်းကောင်း ကျင်းပခဲ့သည်။
Jan 11,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(စည်ပင်သာယာ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်ကစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။