ရန်ကင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော

ရန်ကင်း  အောက်တိုဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် လျှပ်စစ်အန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရန်ကင်းမြို့နယ်တွင် အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်စစ်အန္တရာယ်များနှင့်ပတ်သက်၍ လိုက်နာဆောက်ရွက်ရမည့် အခြေအနေများ ဆောင်ရန်၊ ရှောင်ရန်များကို ရန်ကင်းမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးအောင်ထူးညွန့်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့မှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲ အခမ်းအနားသို့ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၄၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)