အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား စက်တင်ဘာ(၃၀)ရက် ညဉ့်သန်းခေါင်ယံမှ စတင်ကောက်ယူဆောင်ရွက်ကြရာ ယနေ့နံနက်ပိုင်း၌ မြို့နယ်တွင်းရှိ စာရင်းကောက်ကွက် (၈၁၄) ကွက်အတွင်း စာရင်းကောက်၊ စာရင်းစစ်အဖွဲ့ (၅၈)ဖွဲ့ခွဲ၍ ကောက်ယူနေမှုများကို တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Oct 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။
Oct 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ စာရင်းစစ်စာရင်းကောက်လုပ်ငန်းများကို အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာများတွင် ကောက်ကွက်အလိုက် စတင်ဆောင်ရွက်နေပြီဖြစ်ရာ၊ အဆိုပါ စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Oct 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်‌ဆောင်ရွက်လျက်ရှိရာ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြသည်။
Oct 01,2024
၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Oct 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကောက်ယူခဲ့ကြသည်။
Oct 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်  သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည်  လမ်းမတော်မြို့နယ်၊ အမှတ် ( ၁ )ရပ်ကွက်၊ (၄)လမ်း၊ တိုက်အမှတ်(၃၁၂/၃၁၈) အဆင့်မြင့် ကွန်ဒိုတွင် လက်တွေ့ကွင်းဆင်းကောက်ယူနေမှုများကို ယနေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။