ခိုလမ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ခိုလမ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ စတင်ကွင်းဆင်းကောက်ယူသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် မြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများကို အောက်တို ဘာ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်သည်။
အဆိုပါ ကွင်းဆင်းကောက်ယူမှုကို မြို့အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်နှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)