ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အနောက်ရေပြားတောကျေးရွာတွင် (နဝမ)အကြိမ်မြောက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး

​ကျောက်ဆည်၊ နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အနောက်ရေပြားတောကျေးရွာတွင် (နဝမ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာမြစိမ်းရောင်ထုတ်ချေးပေးခြင်းအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့်တာဝန်ရှိသူများက စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူ(၅၂)ဦးအား ငွေ(၂၈၅၀၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၂၆)ဦးအား ငွေ(၁၀၉၀၀၀၀၀)ကျပ် စုစုပေါင်း ငွေ(၃၉၄၀၀၀၀၀)ကျပ်အား လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနောက်ရေပြားတော ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာမြစိမ်းရောင် စီမံကိန်းချေးငွေများကို ၂၀၁၆ ခုနှစ် ဇူလှိုင်လ(၇)ရက်နေ့တွင် စတင်ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ထုတ်ချေးပေးခြင်းသည် (နဝမ)အကြိမ်မြောက်ဖြစ်ကြောင်းနှင့် မြစိမ်းရောင်ချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် အနောက်ရေပြားတောကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ၏လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)