အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2024
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြည်နယ်/ခရိုင်/ မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက (၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က မော်လမြိုင်မြို့ ဆိပ်ကမ်းသာ ဗောတံတား၌ကျင်းပပြုလုပ်ခဲ့သည်။
Nov 01,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စု၊ ဝိန်းကျိုင်းကျေးရွာအတွက် ဆိုလာ(၂၃)စုံ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 01,2024
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးကြောင့်ပျက်စီးသွားသည့် နေအိမ်များအတွက် ကျေးလက် အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 01,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ပါဝင်ယှဉ်ပြိုင် လျက်ရှိသည့် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်အတွင်းရှိ အ.ထ.က(၄)နှင့် ထမုန်ကန်ကျေးရွာ အ.မ.က(၄ဝ)သို့ ယမန်နေ့က ခရိုင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။
Nov 01,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံကြီး၏ သွေးလှူဌာန၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။