ဖြူး နိုဝင်ဘာ ၂
ဒေသတိုင်းရင်းကြက်များ ကျယ်ပြန့်စွာမွေးမြူနိုင်ရေး၊ အသားစားရိက္ခာများဖူလုံစေရေးအတွက်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာ(၅)ရွာသို့ ဒေသတိုင်းရင်းကြက်များ ဖြန့်ဝေပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဖြန့်ဝေပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးငြိမ်းအောင်က အကျိုးရှိစွာမွေးမြူရမည့် နည်းစနစ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်များကိုပြောကြားသည်။
ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများဖြစ်သည့် ကြက်ပေါင်ချောင်းကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ညောင်ကားယားကျေးရွာအုပ်စု၊ ဦးကြူးစုကျေးရွာ၊ ပတ္တာကျေးရွာအုပ်စု၊ ပတ္တာကျေးရွာ၊ ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ၊ ကြူအင်းကျေးရွာအုပ်စု၊ ကြူအင်း(အနောက်)ကျေးရွာ စုစုပေါင်း ကျေးရွာ(၅)ရွာအတွက် တစ်ရွာလျှင် ဒေသတိုင်းရင်းကြက်မျိုး(၈၄)ကောင်၊ စုစုပေါင်း (၄၂၀) ကောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင်တာဝန်ရှိသူများက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)