မိုင်းဖြတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် လစဥ် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ (၃၃) ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လောက်ကျေးရွာအုပ်စု၊ ဆုတောင်းပြည့်ဓါတ်စွမ်တောက်ကမ္မဌာန်းကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နမ့်လောက်ကျေးရွာအုပ်စု၊ ဆုတောင်းပြည့်ဓါတ်စွမ်တောက်ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာဓမ္မထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဘဒ္ဒန္တခေမာဓမ္မထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆွမ်းဆန် (၂၄) ပြည်ပါ (၇) အိတ်၊ စားဆီ (၁၀) ပိဿာနှင့် နဝကမ္မအလှူငွေ (၁၀၅၀၀၀) ကျပ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)