အမရပူ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ပိန်းတန်းအခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရှမ်းဂေါင်းရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ကွန်မြူနတီခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဘက်ဦးစီးအရာရှိ ဦးမျိုးမင်း(မဘိန်း)က လူငယ်ရေးရာ ဟောပြောပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအတွက် ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တ ဗလငါးတန်ပြည့်စုံစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ကလေးငယ်များအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဟောပြောပေးခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် ကဗျာရွတ်ပြိုင်ပွဲများ၊ ကလေးငယ်များ လေ့လာ နိုင်ရန်အတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြောင်း သိရသည်။
စိုးသီဟ(ပြန်/ဆက်)