ရပ်စောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ရပ်စောက် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဝတ်ရည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် အငြိမ်းစားကျောင်းဆရာမဒေါ်ကြည်ဌေးက ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ဦးလည်မသုန်စာအုပ်မှ မိသားစုတန်ဖိုးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် ဟောပြောချက်များအပေါ် မေးခွန်းများပြန်လည်မေးမြန်း၍ အဖြေမှန်သော ကျောင်းသား/ ကျောင်းသူများကို ဆုတော်ငွေချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက စာအုပ်စာစောင်များလှူဒါန်းခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများစုစုပေါင်း(၁၅၅)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်