မြောက်ဥက္ကလာပ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း၊ ပညာရတနာခန်းမတွင် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက ပြန်/ဆက်၏ အဓိကလုပ်ငန်းမှာ စာကြည့်တိုက်လုပ်ငန်းဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် သုတ၊ ရသစာပေ(၁၀၀၀၀)ကျော်ရှိကြောင်း၊ အခမဲ့အသင်းဝင်၍ လာရောက်ဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် "လူငယ်နှင့်စာပေ”ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က “ဘဝအတွက် လိုအပ်ချက်” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ အ.လ.က (၅)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမွန်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်မှပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များကို ကျောင်းသား၊ ကျောင်းသူ (၁၅၀) ကျော်က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရဲမင်းအောင်(ပြန်/ဆက်)