အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2020
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 20,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာသိရှိနိုင်ရန် ယမန်နေ့နေ့လည် ၂ နာရီက ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Aug 20,2020
ကျိုက်ထိုမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် (HPV ) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Aug 20,2020
ကျိုက်ထိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Covid-19 ရောဂါကာကွယ်ရေးနှင့် မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီတွင်ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အမှတ်(၁)ရပ်ကွက် ရှိ လောကဝိဒူ စစ်ကိုင်း ‌ကျောင်းတိုက်၌ဖွင့်လှစ်ထားသော (CBFQ) စခန်းတွင်ပြုလုပ်ခဲ့သည်။
Aug 20,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းကျေးရွာတွင် ခြင်ကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများ ကာကွယ်ရေး အသိပညာပေး နှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ယမန် နေ့လယ်၂နာရီက ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။