အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ရေး ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မအူပင်မြို့နယ် ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီ၏ စီစစ်ဆောင်ရွက်မှုအရ လုပ်ငန်းခွင်များတွင် လုပ်သားအင်အား လျော့ချမှုအပေါ် နစ်နာဆုံးရှုံးရသည့် အလုပ်ဌာနများအား လူမှုဖူလုံရေးဥပဒေ နှင့်အညီ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီ၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား အမျိုးသားတီဘီတိုက်ဖျက်ရေး ဌာန(ရန်ကုန်)မှ တိုင်းတီဘီ ရောဂါ တိုက်ဖျက်ရေး ဆရာဝန် ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သောအဖွဲ့က ဝန်ထမ်းများ တီဘီရောဂါ ကင်းစင်စေရေးအတွက် ရွေ့လျား ဓာတ်မှန်စက်ဖြင့် တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်‌ နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းမှ ဒေသခံတောင်သူလယ်သမားများ၏ စပါခင်းများ အထွက်နှုန်း မြင့်မားစေရေးနှင့် စပါးဖျက်ပိုးကျရောက်မှု လျော့နည်းစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက အူကျွန်းကျေးရွာ တောင်သူဦးဘမြင့်၏ ပေါ်ဆန်းရင် မျိုးသန့်ထုတ်စိုက်ခင်းတွင် ထရိုင်ဂို ဂရားမား ဥကပ်ပါးနဂျီ လွှတ်ခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြို့သစ်ဈေးတာဝန်ခံရုံးခန်း အသစ် ပြန်လည်ပြုပြင် တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။