အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၁၆-၈-၂၀၂၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ခိုလုံရပ်ကွက်၊ မြို့မရဲစခန်းအနီး ပြည်ထောင်စု လမ်းမကြီး၌ ကမ်းပါးပြို၍ သစ်ပင်ကြီးလဲရာမှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်များနှင့် နေအိမ်အချို့ ထိခိုက်ပျက် စီးခဲ့ပြီး ၎င်းမြေပြိုသည့်နေရာနှင့် တစ်ဆက်တည်းရှိသည့် မြို့နယ်လဝကဦးစီးဌာန ဝန်ထမ်းအိမ်ယာများနှင့် နေအိမ်အချို့သည် ကမ်းပါးပြိုမှု ဆက်လက်ဖြစ်ပွားခဲ့သည်။
Aug 20,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Aug 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (ရှေ့တန်းရုံး) မှ ဒု-လဝကမှူး ဦးပြည့်ဖြိုးအောင်နှင့် ဦးသန့်ဇင်ထွန်း တို့ပါဝင်သော ကွင်းဆင်း အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်နေ့က မြက်တိုကျေးရွာ အုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ဓမ္မရက္ခိတ ဓမ္မာရုံ၌ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများအား ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Aug 20,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ စောလောကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှအခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွီးလော်ဖလိုးကျေးရွာတွင် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Aug 20,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မိုးမြေပဲသီးနှံပိုးမွှားရောဂါ ကျရောက်မှုကြောင့် ထိခိုက် ပျက်စီးမှု မရှိစေရေးအတွက် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချို၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးသင်း‌ဖေနှင့် စိုက်ပျိုးရေးကွင်းတာဝန်ကျဝန်ထမ်းများက ယနေ့တွင်တောင်သူများထံ ကွင်းဆင်း ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။