အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက် တတ်သော ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 24,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့မစျေးအတွင်း လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအား စစ်တမ်းနမူနာ ကောက်ယူခြင်းနှင့် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေး စစ်ဆေးခြင်း အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 24,2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်နှင့် ​ရောဂါ ဒုတိယလှိုင်း မဖြစ်ပွားစေရေး အတွက် အများပြည်သူအပေါင်း ကျန်းမာရေး သတိမလျော့ကျစေရန် လက်လှမ်းမီသရွေ့ ကူညီရန်ရည်ရွယ်၍ မရမ်းကုန်းမြို့နယ်ရွှေရောင်သမိုင်း ပရဟိတ အသင်းမှ ယမန်နေ့နံနက်ပိုင်း က ပါးစပ်နှင့် နှာခေါင်းစည်း (mask)များကို အခမဲ့ဖြန့်ဝေ ခဲ့သည်။
Aug 24,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား၊ ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်၊ တပ်ကုန်းကျေးရွာအနီး ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်အား ဩဂုတ် ၂၃ ရက်နေ့က စတင်၍ ပြန်လည် ဖွင့်လှစ်ပြီး အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ အပြင် ထွက်လျှင် Mask တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြရန် အသိပညာပေး ဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး အတွက် ရွာငံမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ စာရင်း ပြည်စုံ မှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် ရပ်ကွက်နှင့် ကျေးရွာ များသို့ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ​ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မကျီးခွနည်းပညာ ပြန့်ပွား ရေးမိုးစပါးဆင်းသုခ(SRI) စိုက်ပျိုးနည်းစနစ် ကို သြဂုတ်လ(၂၄)ရက်၊ နံနက်(၉)နာရီ အချိန်က နည်းပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့စင်တာနယ်​မြေဖြစ်သော သုံးပန်လှကျေးရွာ၊ ကွင်း(၁၉၆၁ က) တောင်သူ ဦးချမ်းမင်းအောင်၏ လယ်မြေတွင် ကြောင်း သိရသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စည်ပင်သာယာစျေးနှင့် စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများ တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း(Mask)ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မစည်ပင်သာယာဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။