ရွာငံ ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး အတွက် ရွာငံမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ စာရင်း ပြည်စုံ မှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် ရပ်ကွက်နှင့် ကျေးရွာ များသို့ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် ဆန္ဒမဲစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ အသက်(၁၈) နှစ် ပြည့်ပြီး သူတိုင်း မဲစာရင်းတွင် ပါ/မပါစစ်ဆေးခြင်း၊ မဲစာရင်းတွင်ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့် ရရှိရေး၊ မဲစာရင်းတွင် အမည်မပါဝင်သူများ လျှောက်ထားနိုင်ရေး၊ မပါဝင်သင့် သည့် အမည်စာရင်းများ ပါဝင် နေပါက ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်မှားယွင်းနေပါက ပြင်ဆင် လျှောက်ထား နိုင်ရေးတို့ကို ရွာငံမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာစာရေးများ၊ ပညာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ တစ်အိမ်တက်၊ တစ်အိမ်ဆင်း သွား ရောက်ကာ မဲဆန္ဒရှင်ပြည်သူများ နှင့် တိုက်ဆိုင် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ရွာငံမြို့နယ်၌ မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများကို ဩဂုတ် ၂၀ ရက်နေ့မှစ၍ တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် စာရင်းတွင် မဲဆန္ဒရှင်ဦးရေ(၆၀၆၇၁)ဦး၊ လျာထားမဲရုံအရေအတွက် (၅၂)ရုံရှိပြီး မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှု့သူ(၄၅၈၅၃)၊ ရာခိုင်နှုန်းအားဖြင့် (၇၅.၅၈%)ရှိ ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံး မှ သိရသည်။
မြို့နယ် ပြန်/ဆက်