ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ လမ်းဖြတ်ရေမြောင်း(Box Culvert)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ကြည့်ရှုစစ်ဆေးခဲ့ သည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့သစ် (က+ခ) ရပ်ကွက်၊ က/၅ လမ်း တစ်လျှောက်ရှိ လမ်းသွယ်ထိပ် များတွင် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်နေသော လမ်းဖြတ်ရေမြောင်း (Box Culvert)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြောင်းတူးဖော်ရာမှ ထွက်ရှိသော မြေကြီးများကို လမ်းပခုံး သား ပြန်ထည့်သည့် လုပ်ငန်းနှင့် ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)