ဆီဆိုင် ဩဂုတ် ၂၄
မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက် တတ်သော ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေး ကျန်းမာ ရေးဌာနမှ သားဖွားဆရာမ ဒေါ်မေမြတ်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းတင်၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ဟိုခဲရပ်ကွက် အတွင်းရှိ နေအိမ်များ သို့ တစ်အိမ် တက်ဆင်း သွားရောက်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများကို လက်တွေ့သရုပ်ပြကာ ရေတွင်း၊ ရေကန်၊ ရေစည်၊ ဘုရားပန်းအိုးများ တွင် ပိုးလောက်လန်းများ မရှိစေရေးအတွက် အဘိတ် ဆေးများခတ်ပေးခဲ့ကြောင်း သိရ သည်။
ခွန်ရဲထွေး(ဆီဆိုင်)