ပင်လည်ဘူး ဩဂုတ် ၂၄
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား၊ ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်၊ တပ်ကုန်းကျေးရွာအနီး ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်အား ဩဂုတ် ၂၃ ရက်နေ့က စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ အပြင်ထွက်လျှင် Mask တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြရန် အသိပညာပေး ဆောင်ရွက်မှု များ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်စံမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသက်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးနေတိုး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)