ပန်းတနော် သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့မစျေးအတွင်း လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအား စစ်တမ်းနမူနာ ကောက်ယူခြင်းနှင့် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်း အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်း၍ မြို့မဈေးတွင်းနှင့် ဈေးပြင်ပရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များ၌ ရောင်းချသော ကုန်ပစ္စည်း များတွင် မြန်မာလိုရေးသားဖော်ပြထားခြင်း ရှိ/ မရှိ၊ စျေးကွက်အတွင်း ဝင်ရောက်လာသော ကုန်ပစ္စည်းများအား စစ်တမ်းနမူနာကောက်ယူခြင်းနှင့် အိမ်သုံးဆားများတွင် အိုင်အိုဒင်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား များကိုသာ ရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)