အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ ညနေ ၃ နာရီချိန်တွင် ငွေဆောင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 24,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၅၀) စင်တီမီတာ အထက် (၁၁၁၀) စင်တီမီတာသို့ရောက်ရှိပြီး ဂျို့ချောင်း၊ ရွှေဂွန်း၊ မြိုင်ကြီးငူသွားကားလမ်းမပေါ် အနိမ့်ပိုင်းများနှင့် ရွှေဂွန်ကျေးရွာ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျှက်ရှိကြောင်း သိရသည်။
Aug 24,2020
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် - ၁၉ ကူးစက်မှုနှင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်သူများ ပေါ့ဆမှုမရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေး အသိပေးလှုံဆော်ခြင်းများကို ရပ်ကွက်၊ ကျေးရွာများ ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ် စီး‌နင်းကြသူများအား အသိပညာပေးဟောပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်က ပင်လည်ဘူး-‌ ကောလင်း- ဖောင်းပြင်သွားကားလမ်းဆုံ ဆန်းသစ်လွင် တည်ခိုခန်းအနီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ စည်းကမ်း သတ်မှတ်ချက်များအနှင့် အညီရောင်းချနေမှုရှိ မရှိကို ဩဂုတ်လအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ယာယီပျံကျဈေးအတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ဈေးနှုန်းမြှင့်တင်​ ရောင်းချခြင်းမပြုရန် လိုက်လံအသိပေးခြင်းနှင့် မြို့မဈေး အတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်းများ ပေးဝေခြင်းကို ယနေ့ နံနက် ၇ နာရီက စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Aug 24,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးများအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနေ့စဉ်လိုက်လံစစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။