စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ မိုးစပါးဆင်းသုခ(SRI) စိုက်ပျိုးနည်းစနစ် နည်းပညာပေး ကွင်းဆင်းဆောင်ရွက်

ချောင်းဦး ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ၊ ​ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မကျီးခွနည်းပညာ ပြန့်ပွားရေး မိုးစပါး ဆင်းသုခ(SRI) စိုက်ပျိုးနည်းစနစ်ကို  သြဂုတ်လ(၂၄)ရက်၊ နံနက်(၉)နာရီအချိန်က နည်းပညာပေးစင်တာနယ်​မြေဖြစ်သော သုံးပန်လှကျေးရွာ၊ ကွင်း(၁၉၆၁ က) တောင်သူ ဦးချမ်းမင်းအောင်၏ လယ်မြေတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နည်းပညာပေးကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မိုးစပါး ဆင်းသုခ(SRI)  စိုက်ပျိုးနည်းစနစ်ပြုလုပ်ပြသရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို  အကျယ်တ၀င့် ပြန်လည်ရှင်းလင်းပြောပြခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီး မှူး နှင့် ကွင်း၀န်ထမ်းများက SRI နည်းစနစ်ဖြင့် မိုးစပါးဆင်းသုခ (RS) မျိုးသန့်မျိုးစေ့ထုတ် နမူနာစိုက်ပျိုး​ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

နည်းပညာပေးကွင်းဆင်းရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ၀န်ထမ်းများ၊ သုံးပန်လှကျေးရွာမှ ရပ်မိရပ်ဖများ၊ တောင်သူများနှင့် ရွှေလှေကျေးရွာတို့မှ စိတ်ပါဝင်စားသော တောင်သူများ လည်းလာရောက်လေ့လာခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)