အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် PPE ဝတ်စုံများ ပေးအပ်

ကျေးသီး သြဂုတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် PPE ဝတ်စုံပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျေးသီးမြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူမှ PPEဝတ်စုံ အစုံ(၅၀)စုံကိုမြို့နယ် ပညာရေးမှူးရုံး၊ ဒုတိယပညာရေးမှူး ဦးမျိုးမင်းထွန်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားတွင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

သဲစုပိုင် (ပြန်/ဆက်)