ကျိုက်မ​ရောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် နှာခေါင်းစည်း (Mask)များ လာ​ရောက်လှူဒါန်း

ကျိုက်မ​ရော သြဂုတ် ၂၄

ကျိုက်မ​ရောမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်သို့​​နေ့စဉ် စာငှား စာဖတ်လာ​ရောက်သူများနှင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်​ရေး အ​ထောက်အကူပြုပစ္စည်းဖြစ်သည့် နှာ​ခေါင်းစည်း(Mask) များကို ယ​နေ့နံနက် ၁၀နာရီက ပြည်သူ့စာကြည့်တိုက်သို့ လာ​ရောက်လှူဒါန်းခဲ့သည်။

အဆိုပါ နှာ​ခေါင်းစည်း(mask)များကို ​ ​​မော်လမြိုင်မြို့၊ အမှတ်(၁)​စျေးကြီး၊ ရှမ်းမ​လေး ထီးဆိုင်မှ အလှူရှင်ဦး​ဝေယံဟိန်း မိသားစု ကိုယ်စား  ဦးအောင်ညီညီခန့်က လာ​ရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်း ကူးစက်လူနာများ ရခိုင်ပြည်နယ်၊ စစ်​တွေမြို့တွင် ထပ်မံ​တွေ့ရှိ​နေသည့်အတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်​ရေးနည်းလမ်းများကို တိကျစွာလိုက်နာရန်လိုအပ်သဖြင့် စာလာဖတ်သူက​လေးငယ်များနှင့် လူကြီးများအားလုံးကို ကိုဗစ်-၁၉​ရောဂါ မကူးစက်​စေရန် အတွက် လာ​ရောက် လှူဒါန်း​ပေးခြင်းဖြစ်​ကြောင်း အလှူရှင် ကိုယ်စားဦးအောင်ညီညီခန့်ကပြောကြားခဲ့သည်။

ထို့​​နောက် ဝန်ထမ်းများနှင့် စာကြည့်တိုက်လာပြည်သူများအသုံးပြုနိုင်ရန် နှာ​ခေါင်းစည်း ၂၀၀ ကိုမြို့နယ် ဦးစီးမှူးထံ​ပေးအပ် လှူဒါန်း ခဲ့​ကြောင်းသိရှိရသည်။

 ချိုချို(ပြန်/ ဆက်)