စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မြို့လုံခြုံစေရေး CCTV ကင်မရာများတပ်ဆင်

ရေဦး ဩဂုတ်၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံငွေမှ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်အဖြစ်‌ခွင့်ပြု ချထား‌ငွေ ကျပ်သန်း ၁၉၀ ဖြင့် ရေဦးမြို့တွင် မြို့လုံခြုံစေရေး Wireless စီစီတီဗီကင်မရာငါးလုံးကို ရန်ကုန်မြို့အခြေစိုက HTET UK Group Company မန်နေဂျာ ဦးအောင်ခိုင်ထွန်း ဦးဆောင် သောအဖွဲ့မှ တာ၀န်ယူတပ်ဆင်လျှက်ရှိသည်။

လုံခြုံရေးကင်မရာများကို ရေဦးမြို့အ၀င်၊ ကာဝီလမ်းဆုံ၊ စည်ပင်ဈေးနာရီစင်၊ ရေဦးမူးမြစ်ကူးတံတား၊ မီးပွိုင့်နှင့် မြို့အထွက်နေရာ ငါးနေရာတို့တွင် တပ်ဆင်ထားပြီး အဆိုပါ ကင်မရာများကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် Control Centre ထားရှိကာ နေ့စဉ် စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။

သန်းထိုက် ( ရေဦး )