မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်၌ မဲစာရင်းများပြည့်စုံ မှန်ကန်​​စေ​ရေးအတွက်အိမ်တိုင်ရာ​ရောက်ကွင်း​ဆင်း စစ်​ဆေးနိုင်​ရေး​ အစည်းအ​ဝေးကျင်းပ

ကျိုက်မ​ရော  သြ ဂုတ်   ၂၅

ကျိုက်မ​ရောမြို့နယ်ရှိ ပြည်သူများ၏ မဲ​ပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိ​စေ​ရေးအတွက် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေး​ပေးရန် ရပ်ကွက်​ကျေးရွာ​ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍​ အိမ်တိုင်​ရာ ​ရောက် ​ဆောင်ရွက်နိုင်ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်​နေ့ ​နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ (​ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်သည်။


​ရှေးဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကား​ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီး​အောင်မြင်စွာကျင်းပပြီးစီးနိုင်​ရေး အတွက် မြို့နယ်​​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းပူး​​​ပေါင်း​ဆောင်ရွက် သွားကြရန်လိုအပ်​ကြောင်း၊ မဲစာရင်းများပြည့်စုံမှန်ကန်​စေ​ရေးအတွက် သက်ဆိုင်ရာ ​ရပ်ကွက်/​ကျေးရွာ များမှဆယ်အိမ်မှူး/ရာအိမ်မှူးများ၊ ရပ်/​ကျေး ​ကော်မရှင် အဖွဲ့ခွဲဝင်များအ​နေဖြင့်အိမ်​ထောင်စု တစ်စုကိုကုတ်နံပါတ်တစ်ခုသတ်မှတ်​ဆောင်ရွက် လျက်ရှိပြီး အဆိုပါ ကုတ်နံပါတ်တွင် မဲ​​​ပေးပိုင်ခွင့်ရှိသည့် မိသားစုဝင်စာရင်းများ ​ဖော်ပြပါရှိသည့်အတွက် မဲစာရင်းတွင် အမည်စာရင်းကျန်ရှိမှု/ရှိမရှိကို အလွယ်တကူသိရှိနိုင်ကာ ပုံစံ(၃-က)ဖြင့်ပြန်လည်​လျောက်ထား နိုင်မည်ဖြစ်​ကြောင်း​​​ဆွေး​နွေးရှင်းလင်းခဲ့သည်။

ထို့​နောက်လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ၊ မြို့နယ် ဦးစီးမှူး ဦးသန်းထိုက်က လူကျန်များမရှိ​စေ​ရေးနှင့်အသက်၁၈နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင်ပြုလုပ်​ပေးရန်ကျန်ရှိ​နေသူမျာအား ​ကျေးရွာများအ​ရောက်ကွင်းဆင်း​ဆောက်ရွက်​ပေး​နေမှု အ​ခြေအ​နေ များကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

ဆက်လက်၍တက်​ရောက်လာသည့် ဌာနဆိုင်ရာများမှ​ကျေးရွာများသို့ကွင်းဆင်း ​ဆောင်ရွက်ကြရမည့် အ​​ခြေအ​နေများကို တင်ပြ​ဆွေး​နွေးခဲ့ကြ​ကြောင်းသိရသည်။

ချိုချို(ပြန်/ဆက်)