ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဆက်လက်ထိန်းချုပ်နိုင်ရန် ပြည်သူများအား အသိပေးနှိုးဆော်

ဟုမ္မလင်း သြဂုတ်  ၂၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာတွေ့ရှိမှုသည် (၄၆၃) ဦးရှိပြီဖြစ်သဖြင့် ဟုမ္မလင်းမြို့ပေါ်ရှိ ပြည်သူများအနေဖြင့် သိရှိနိုင်စေရန် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ လုံးဝမသွားကြပါရန်၊ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျ ခပ်ခွာခွာ နေထိုင်ကြရန်စသည့် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်(၇)ချက်ကို မြို့ပေါ်/ရပ်ကွက် များသို့ မီးသတ်ယာဉ်ဖြင့်  အသိပေးလိုက်လံ နှိုးဆော်ပေးခဲ့ကြ ကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)