ပလောက်မြို့ ကျောက်လုံးကြီးကျေးရွာအုပ်စု၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

ပလောက်   ဩဂုတ်  ၂၅  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး ယမန်နေ့နံနက် (၁၀) နာရီက ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့်ဌာနဆိုင်ရာများ၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊  ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ကျေးရွာစာရေးတို့ပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများဆောင်ရွက်ထားရှိမှု၊ စာသင်ကျောင်းများနှင့် မဲဆန္ဒရှင်စာရင်း၊ အချက်အလက်များမှန်ကန်မှုရှိစေရေးအတွက် ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်   (ပလောက်-ပြန်/ဆက်)