အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2025
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ဩဂုတ် ၁၁ ရက်ကကျင်းပရာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိတို့က ပူးပေါင်းဆောင်ရွက်ကြသည်။
Aug 13,2025
၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် “လူငယ်ဖိုရမ်” ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။
Aug 13,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောသည်။
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီတွင်  ဘိုကလေးမြို့၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန် ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေး ကွင်းပြင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 13,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက်က ကလေး စာပေစာအုပ်၊ စာစောင်များ ခင်းကျင်းပေးကာ မိမိနှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုလေ့လာစေခြင်း၊ ကလေးစာပေများမှ အသိပညာပေး ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌ပေးခဲ့ကြသည်။
Aug 13,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Aug 13,2025
“လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့”စသည့်ဆောင်ပုဒ်နှင့်အညီ”၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့" အခမ်းအနားကို ဩဂုတ် ၁၂ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီအနေဖြင့်ဆယ်ကျော်သက်လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်းကျင်းပပေးလျက်ရှိသကဲ့သို့ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း ပြောကြားသည်။